လမ်းပျောက်သူကို ဆွဲဆောင်ခြင်း
ကျွန်မ၏မိတ်ဆွေ အဲနာသည် လမ်းပေါ်တွင် မကြာခဏ လမ်းမေးခံရသည်။ အခြား တိုင်းပြည်များသို့ နိုင်ငံခြားသားအဖြစ် ရောက်ရှိနေသည့်တိုင် လမ်းအမေးခံရသည်။ သူ့မျက်နှာက ရိုသားပြီး စိတ်ချရသည့်ပုံပေါ်နေလိုလားဟု သူတွေးသည်။ “ရှင်က ကိုယ်ဘယ်သွားနေလဲဆိုတာ သိတဲ့ပုံပေါ်နေလို့ဖြစ်မယ်” ဟု ကျွန်မထင်မြင်ချက်ပေးသည်။ အခြားမိတ်ဆွေတစ်ဦးကလည်း “ရှင်က လမ်းးပျောက်တဲ့သူတွေကို ဆွဲဆောင်တာဖြစ်မယ်” ဟု ဆိုပြန်သည်။
ဝိညာဉ်ရေးရာ၌ ထိုအရည်းအသွေးက ဘုရားသခင်၏လူများ၌ ရှိသင့်ရှိအပ်သည်။ ယုံကြည် သူများအနေဖြင့် ကျွန်မတို့၌ ရည်မှန်းချက်၊ ဦးတည်ချက်ရှိသည်။ ဘယ်ကိုသွားနေလဲ၊ ဘယ်လို သွားမလဲ ကျွန်မတို့သိသည်။ ထိုကြောင့်ဘ၀၌ ဘုရားသခင်၏စေစားချက်ကို ပြီးမြောက် ထမ်းဆောင်ရာ၌ ဤအချက်ကသေချာစိတ်ချမှုကိုဖြစ်စေသည်။ ဤသေချာစိတ်ချမှုက အခြားသူ များရှေ့၌ ပေါ်လွင်သောအခါ လမ်းပျောက်သူတို့က ဦးတည်ရာကို ပြန်ရှာတွေ့အောင် လမ်းမေး လာကြလိမ့်မည်။
လောကကမ္ဘာမြေ၌ လူတို့ဘုရားသခင်ကို ရှာတွေ့အောင် ဘုရားသခင်က သူ၏တည်ရှိမှု ကိုထင်ရှားဖော်ပြပါသည်။ ဣသရေလလူတို့သည် လောကအတွက် ဘုရားသခင်၏ ပထမအလင်း…
ကွက်တိပြည့်စုံသော
“သင်၌မည်သည့်အရည်အချင်း ရှိပါသနည်း” ဟု အလုပ်အင်တာဗျူးများတွင် မေးလေ့ ရှိသည်။ ကျွန်မ၏မိတ်ဆွေကိုလည်း ရာထူးတစ်နေရာအတွက် သင့်လျော်မှုရှိမရှိ ဆုံးဖြတ်နိုင် အောင် ထိုမေးခွန်းကိုပင်မေးလိုက်သည်။ ထိုမိတ်ဆွေက သူ၏အရည်အချင်း၊ ဆုကျေးဇူးများကို အမြန်စဉ်းစားသုံးသပ်ကာ ကုမ္ပဏီ၏အောင်မြင်မှုအတွက် သူစွမ်းဆောင်နိုင်မည့် သူ့အရည်အချင်း များကို အလေးထားထုတ်ဖော်ပြောသည်။
ဘုရားသခင် ပြုစေလိုသောအမှုကို ထမ်းဆောင်ရန် ကျွန်မတို့၌ အရည်အချင်း အစွမ်း အပြည့်အစုံရှိပြီးသားဖြစ်လျှင် ကောင်းလေစွ။ ပြောရမည်ဆိုလျှင် ကျွန်မတို့၌ စွမ်းရည်အပြည့်ရှိပြီး သားဖြစ်ပါသည်။ ကောင်းမှုများပြုနိုင်အောင် လူတစ်ဦးစီအတွက် ရှေးမဆွက ဘုရားသခင် ပြင်ဆင် ပေးထားသော (ဧ ၂း၁၀) လိုအပ်သောအရည်အသွေးများမှာ ကျွန်မတို့ပိုင်ဆိုင်သည့် ၀ိညာဉ် ဆုကျေးဇူး၊ အတွေ့အကြုံ၊ သင်တန်း၊ ပင်ကိုယ်အရည်အသွေး၊ နာခံဝန်ခံအပ်နှံတတ်သော နှလုံးသားများဖြစ်သည်။ ဘုရားသခင်ပြုလိုသော အမှုရှိပြီး သင့်ကိုစေခိုင်းသည်ဟု ခံစားရပါက ထိုအမှုကို သင် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန် လိုအပ်သောအရာများကို ကိုယ်တော် ပြင်ဆင်ပေးလိမ့်…
ဘုရားသခင်က အံ့သြစေခြင်း
နောမိသည် အောင်မြင်ချမ်းသာပြည်စုံမှုများဖြင့် သူမ၏မွေးရပ်မြေ၌ ပြန်နေရန် မျှော်မှန်း ခဲ့ပါက ဗက်လင်မြို့သို့ အပြန်ခရီးက အိမ်မက်ဆိုးပင်။ ပြည်ပတွင် နေထိုင်စဉ်အခါ ခင်ပွန်းသည်နှင့် သားနှစ်ဦးစလုံး သေဆုံးသွားသည်။ သူ့ချွေးမရုသနှင့်သာ ကြေကွဲဝမ်းနည်းမှုများပိုက်ပြီး ပြန်လာ ရသည်။ “သူကလည်း နောမိ ဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ” (ရုသ ၁း၂၀) ဟုဆိုသည်။
သို့သော်လည်း ဇာတ်လမ်းက ဤတွင်ပြီးမသွားပါ။ ရုသ၏အသက်တာ၌ ဘုရားသခင်၏ လက်တော်ကို နောမိမြင်ရပါသည်။ သူမက “အသက်ရှင်သူ သေသူတို့၌ ကျေးဇူးမပြတ်ပြုတော်မူ သောထာဝရဘုရားသခင်”ဟုဆိုခဲ့သည်(၂း၂၀)။ အရှုံးများစွာနှင့် အမျိုးသမီးနှစ်ဦးအတွက် ချောင် ပိတ် လမ်းပိတ်ပြီဟု ထင်ရသောအခြေအနေများက တံခါးဝတစ်ခုဖြစ်ခဲ့သည်။
ရုသ၀တ္တုသည် ဓမ္မဟောင်းကျမ်းတွင် နှစ်သက်ဖွယ်ပုံပြင်တစ်ပုဒ်ဖြစ်သည်။ ထာဝရဘုရား သခင်အကြောင်းကို တစ်ချိန်ပြီးတစ်ချိန်ဖော်ပြလျက် အံ့ဖွယ်ကောင်းမြတ်ခြင်း၊ ကျေးဇူးပြုခြင်း အကြောင်းကို ရောယှက်ရေးသားထားသော ၀တ္တုတိုလေးပါ။
နောမိနှင့်ရုသအကြောင်းအားဖြင့် ဘုရားသခင်သည်…
အနှောင့်အယှက်များကို ကောင်းချီးပေးပါ
သင်၏အသက်တာက ကျွန်ုပ်နှင့်တူပါက သေချာစွာပြင်ဆင် စီစဉ်သောဘ၀မျိုးဖြစ်သည်။ ကျွန်တော့်ပြက္ခဒိန်၌ ကျွန်တော်ချိန်းချက်ထားသောကိစ္စ၊ စည်းဝေးနှင့် အခြားလုပ်ဆောင်စရာ များကို မှတ်သားထားသည်။ ထို့ကြောင့် ကိစ္စတစ်ခုခု ကြားဖြတ်နှောင့်ယှက်ဝင်လာလျှင် ကျွန်ုပ် တစ်နေ့တာ အစီအစဉ်များကို လုံးဝပြောင်းလဲသွားစေသည်။ ထိုသို့ဖြစ်လျှင် စိတ်ရှုပ်ထွေးရသကဲ့သို့ အကျိုးရှိသည့်ကိစ္စများလည်း ဖြစ်သွားတတ်သည်။
ဘုရားသခင်၏အကြံအစည်များထဲတွင် ပုံမှန်လုပ်ရိုးလုပ်စဉ်များ၌ ၀င်ရောက်လာသည့် အနှောင့်အယှက်များမှ ကြီးကြီးမားမားအကျိုးကျေးဇူး ထွက်ပေါ်လာတတ်သည်။ ဥပမာ မာရိကို ကြည့်ပါ။ ယေရှုအမည်ရှိသော သားယောက်ျားကိုရမည်ဟု ကောင်းကင်တမန်က သူမဘ၀ကို ၀င်နှောင့်ခဲ့သည်။ သူမသည်အပျိုကညာဖြစ်ပြီး လက်ထပ်ရန်စေ့စပ်ထားသူဖြစ်သဖြစ် ထိုသတင်း မှာ သူမအတွက် တုန်လှုပ်ဖွယ်ရာဖြစ်ပြီး အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားမည် မလွဲပါ (လု ၁း၂၆-၃၁)။ ရှောလု အမည်ရှိ ယုဒဇေလုတ်အဖွဲ့အ၀င်တစ်ဦးမှာ ခရစ်ယာန်များကို နှိပ်စက်ညှင်းဆဲ သူဖြစ်သည်။ လမ်းခရီးဖြစ်တော်မူသောပုဂ္ဂိုလ်၏ နောက်လိုက်များကိုတိုး၍ ဖမ်းဆီးရန် ဒမသက်မြို့ သို့ သွားရာလမ်းတွင် ရှောလုသည် သခင်ယေရှုနှင့်တွေ့ပြီး မျက်စိကွယ်ခဲ့သည် (တ…
မွေးနေ့ပေးကမ်းခြင်း
ကျွန်မ၏ခင်ပွန်းကို သူ၏ ၃၉ နှစ်မြောက်မွေးနေ့နီးကပ်လာပြီဖြစ်ကြောင်း သတိပေးသော အခါ သူဘာလက်ဆောင်မှ မလိုချင်ကြောင်းပြောပါသည်။ လက်ဆောင်နှင့်ပတ်သက်ပြီး ကောင်းသည်ဟု ကျွန်မ တွေးမိသည့်အယူအဆများကို ကျွန်မ ဆက်လက်၍ပြောရာ သူက သူ့မွေးနေ့၌ အသုံးပြုမည့် ကုန်ကျစရိတ်များကို ပေးလှူချင်ကြောင်း ပြောပါသည်။
သမ္မာကျမ်းစာက ကျွန်မတို့အား စိတ်အားထက်သန်စွာ ပေးကမ်းစွန့်ကြဲရန် ဆိုထားသည်။ ဘုရားသခင်၏ အမှုတော်မြတ်ကို ပံ့ပိုးရန်နှင့် လူများကို ကူညီရန်ပေးလှူရပါမည် (၂ ကော ၉း၇)။ ငြီးတွားရင်း ပေးကမ်းခြင်း၊ လိုအပ်မှုကြောင့် ပေးကမ်းခြင်းမျိုးမဖြစ်ရပါ။ ထိုသို့ပေးကမ်းခြင်းဖြင့် ပေးကမ်းသူများက ၀မ်းမြောက်ဝမ်းသာဖြစ်ရသည်။ ဒါဝိဒ်မင်းကြီးက သူ့ကိုယ်ပိုင် ရွှေငွေများကို ဘုရားသခင်၏ဗိမာန်တော် ဆောက်လုပ်ရန် လှူဒါန်းသောအခါ ဣသရေလမင်းမှုထမ်းများစွာတို့က သူ၏ပုံသက်သေအတိုင်း လိုက်လုပ်ကြသည်။ ကြေး၊သံ၊ကျောက်မျက်နှင့် အဖိုးတန်သတ္တုများကို လှူဒါန်းပြီးနောက် “ လူအများတို့သည်စုံလင်သော နှလုံးကြည်ညိုသော စိတ်သဘောရှိ၍ ထာဝရ ဘုရားသခင်အား ပူဇော်သောကြောင့် ၀မ်းမြောက်ကြ၏။ ”…
ပညတ်တော်နှင့် ဆန့်ကျင်သောလမ်း
အမြန်ကားလမ်းမကြီးပေါ်တွင် ကျွန်တော်တို့ဇနီးမောင်နှံ ကားမောင်းသွားစဉ် ကားတစ်စီး က အရေးပေါ်ယာဉ်များသာမောင်းနှင်ရမည့် တစ်ဖက်ယာဉ်ကြောသို့ ၀င်ချသွားသည်ကိုတွေ့ရ သည်။ သူက ဂငယ်ကွေ့ကွေ့ပြီး နောက်ပြန်လှည့်သွားရန် ကြံစည်ခြင်းပါ။
ယဉ်မောင်းသူကညာဖက်ကိုကြည့်ပြီး ယာဉ်ကြောအဖွင့်ကိုစောင့်သည်။ ထို့ကြောင့် ဘယ်ဖက်ယာဉ်ကြောမှ ရဲကားတစ်စီးက နောက်ဆုတ်ဝင်လာသည်ကို သတိမထားမိလိုက်ပါ။ နောက်ဆုံးယာဉ်ကြောပွင့်ပြီး ကားအထွက်တွင် ရဲကား၏နောက်ပိုင်းကို ၀င်တိုက်မိလိုက်ပါတော့ သည်။
အမှားလုပ်ပြီး ထွက်ပြေးလွတ်နိုင်မည်ဟု ကျွန်ုပ်တို့ထင်မြင်ခြင်းမှာ အဆန်းမဟုတ်ပါ။ ဒါဝိဒ် မင်းကြီးက ဗာသရှေဘနှင့်ပြစ်မှားမိသောအခါ သူလည်း “ရှောင်ပြေးရန်” ကြံရွယ်ခဲ့သည်။ သို့သော် လည်း ပရောဖက်နာသန်နှင့် လမ်းကြောင်း ဆန့်ကျင်နေပါသည်။ သူ၏ပြစ်မှားမှု၊ လှည့်ဖျားမှုနှင့် လူသတ်မှုတို့ကို ကိုယ်တော် မနှစ်သက်၊ ကိုယ်တော်နှင့် ဆန့်ကျင်နေပါသည် (၂ ရာ ၁၁း၂၇)။ ဒါဝိဒ်၏ ၀မ်းနည်းဖွယ်အဖြစ်ကို နာသန် ထောက်ပြသောအခါ ရှင်ဘုရင်က လှိုက်လှဲစွာနောင်တရပါ သည်။ သို့သော်လည်း သူ့အပြစ်၏အကျိုးဆက်ဒဏ်က သူ့မိသားစုနှင့်မလွတ်ခဲ့ပါ (၁၂း၁၀)။
အပြစ်တစ်ခုခုမှ ရှောင်ဖယ်၍…
အိမ်ကိုတောင့်တခြင်း
ကျွန်ုပ်တို့၏သား စတီဗင် ငယ်စဉ်က နွေရာသီ ကျမ်းစာသင်တန်း တစ်ပတ် သွားခဲ့သည်။ မကြာမီ ထိုရက်သတ္တပတ်အတွင်း “အမေနှင့် အဖေသို့”ဟု လိပ်မူ၍ သူပို့လာသည့် စာကို ကျွန်တော်တို့ ရရှိပါသည်။ “ဒီနေ့ သားကို လာပြန်ခေါ်ပါ”ဟု ရေးထားသည်။ သူ့စာက နေ့ချင်းမရောက်၊ စာရောက်လည်း သူ့ကိုသွားခေါ်ရန် အချိန်ကြာဦးမည်ကို ကလေးအတွေးဖြင့် စတိဗ် နားမလည် နိုင်ပါ။
တစ်ခါတစ်ရံ ဤလောကအကြောင်း စဉ်းစားရာ၌လည်း ကျွန်ုပ်တို့သည် စတီဗင် ကဲ့သို့ပင် တွေးမိသည်။ သခင်ယေရှုနှင့် အတူရှိလိုခြင်း၊ ခရစ်တော်နှင့်အတူ ရှိရမည့် “ထာဝရ အိမ်တော်”သို့ သွားလိုခြင်း (ဖိ ၁း၂၃) စသည်ဖြင့် အတွေးများက လွယ်သည် (ဒေ ၁၂း၅)။ ဘုရားသခင်၏ သားသမီးများအနေဖြင့် (ယော ၁း၁၂) ဤကမ္ဘာလောကကြီးသည် ကျွန်ုပ်တို့၏ နေအိမ်အစစ် မဟုတ်ကြောင်း သိကြပါသည်။ ဘ၀၏…
အနာဂတ်ကိုရင်ဆိုင်ခြင်း
ကျွန်တော် ဖိုင်တွဲ အဟောင်းများကို ပြန်လှန်လှောစဉ် ၁၉၉၂ ခုနှစ်ထုတ် တိုင်းမ်မဂ္ဂဇင်း၌ “၂၀၀၀ ခုနှစ်အလွန် - မိလေနိကာလအသစ်မှာ ဘာကိုမျှော်လင့်ရပါမည်နည်း” ဆိုသည့် ဆောင်းပါးကို ပြန်တွေ့မိသည်။ လွန်ခဲ့သော အနှစ် ၂၀ က ရေးသားထားသည့် အနာဂတ် ကြိုတင်ခန့်မှန်းချက်ကို ပြန်ဖတ်ကြည့်ရာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သာမန်လေ့လာချက် အချို့မှာ ဖြစ်လာမည်ဟု မျှော်မှန်း၍ရသော်လည်း ဘ၀ကို ပြောင်းလဲစေသည့် အဖြစ်အပျက်များနှင့် ဆန်းသစ်တီထွင်မှု နည်းပညာများကို မည်သူမျှ ကြို၍ မသိနိုင်ပါ။ ကြိုတင်မသိနိုင်ခြင်းဆိုသည့် အချက်ကြောင့် အနာဂတ်ကို ကြို၍မသိနိုင်ပါ။ ဤအချက်က တစ်ခုခုကို ကြိုတင်ဟောကိန်း ထုတ်တော့မည်ဆိုလျှင် နားလည်ထားရမည့် ပထမဆုံးအချက်ဖြစ်သည်။ ကျွန်ုပ်အမြင်၌ ဤအဆိုက အလွန်အရေးပါ၏။
ဘုရားသခင်ကို ချန်လှပ်ထားသော မည်သည့် အနာဂတ်ရှုထောင့် အမြင်မဆို မိုက်မဲ၍ မာန်တက် ထောင်လွှားမှုဖြစ်ကြောင်း ရှင်ယာကုပ်က ကျွန်ုပ်တို့ကို…
အနာဂတ်ကို ရင်ဆိုင်ခြင်း
ကျွန်တော် ဖိုင်တွဲအဟောင်းများကို ပြန်လှန်လှောစဉ် ၁၉၉၂ ခုနှစ်ထုတ် တိုင်းမ်မဂ္ဂဇင်း၌ “၂၀၀၀ ခုနှစ်အလွန် - မိလေနိကာလအသစ်မှာ ဘာကိုမျှော်လင့်ရပါမည်နည်း” ဆိုသည့်ဆောင်းပါး ကို ပြန်တွေ့မိသည်။ လွန်ခဲ့သောအနှစ် ၂၀ က ရေးသားထားသည့် အနာဂတ် ကြိုတင်ခန့်မှန်းချက် ကို ပြန်ဖတ်ကြည့်ရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သာမန်လေ့လာချက်အချို့မှာ ဖြစ်လာမည် ဟု မျှော်မှန်းရသော်လည်း၊ ဘ၀ကိုပြောင်းလဲစေသည့် အဖြစ်အပျက်များနှင့် ဆန်းသစ်တီထွင်မှု နည်းပညာများကို မည်သူမျှကြိုမသိနိုင်ပါ။ ကြိုတင်မသိနိုင်ခြင်းဆိုသည့် အချက်ကြောင့် အနာဂတ် ကို ကြိုမသိနိုင်ပါ။ ဤအချက်က တစ်ခုခုကိုကြိုတင်ဟောကိန်း ထုတ်တော့မည်ဆိုလျှင် နားလည် ထားရမည့် ပထမဆုံးအချက်ဖြစ်သည်။ ကျွန်ုပ်အမြင်၌ ဤအဆိုက အလွန်အရေးပါ၏။
ဘုရားသခင်ကိုချန်လှပ်ထားသော မည်သည့်အနာဂတ်ရှုထောင့်အမြင်မဆို မိုက်မဲ၍ မာန်တက်ထောင်လွှားမှုဖြစ်ကြောင်း ရှင်ယာကုပ်က ကျွန်ုပ်တို့ကိုသတိပေးသည်။ “ယနေ့၊ မနက်ဖြန် ဤမည်သောမြို့သို့သွားကြကုန်အံ့။ ထိုမြို့၌တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့…
ဘုရားဝတ်၌ မွေ့လျော်ခြင်းလေ့ကျင့်ခန်း
နှစ်သစ်အစ၌ ကျွန်ုပ်တို့ မိမိကိုယ်ကို ပိုမိုဂရုစိုက်လေ့ရှိသည်။ လေ့ကျင့်ခန်းလုပ်၊ အစားအသောက် ဆင်ခြင်ကာ ခရစ်စမတ်အတွင်း ကိုယ်အလေးချိန် တိုးလာခြင်းကို ပြန်၍ လျှာ့ချကြသည်။ သို့သော် ရှင်ပေါလုက “ကိုယ်ကာယကို ဆုံးမခြင်းသည် များစွာသောအကျိုးကိုမပေးတတ်”ဟု ဆိုသဖြင့် ကျွန်တော် ကြက်ကြော်ကြိုက်သော်လည်း အစာကို အတော်အသင့်သာ စားသည်။ အလေးမသည်။ လမ်းလျှောက် သည်။ သို့သော်လည်း ကျွန်ုပ်၏ရုပ်ခန္ဓာ မတည်မြဲပါ။ ယခုပင် ခန္ဓာခွန်အား ကျနေပြီဖြစ်သည်။
ယခုဘ၀နှင့်နောင်ဘ၀အတွက် ကတိတော်များရှိသောကြောင့် ဘုရားတရား ကြည်ညိုခြင်းကို ပို၍ အလေးထားရပါမည်။ ရှေးစကားပုံနှင့် ဆန့်ကျင်ပြောရမည်ဆိုလျှင် (သေလျှင်) မိမိနှင့်အတူ တစ်စုံတစ်ခု ကို ယူဆောင်သွားနိုင်ပါသည်။
ဘုရားတရား ကြည်ညိုခြင်းမှာ ပျင်းရိ စိတ်ပျက်ဖွယ်ကောင်းပြီး လုပ်ယူမရနိုင်သောအရာဟု ထင်ရ ပါသော်လည်း ဘုရားတရား ကြည်ညိုခြင်းမှာ မိမိကိုယ်ကျိုးကို မကြည့်သောမေတ္တာဖြစ်သည်။ မိမိ ကိုယ်ကို ဂရုပြုခြင်းထက် အခြားသူကို…